Eleven Media Group

လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးရရှိမယ်လို့ ဗီယာရီ ခန့်မှန်း

Photo: Getty Images

အီတလီလက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ခရစ္စတီယန်ဗီယာရီက လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ချယ်လ်ဆီးအသင်း ရရှိလိမ့်မယ်လို့ ခန့်မှန်းပြောကြားခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့ပြီးနောက် ချယ်လ်ဆီးအသင်းကို အထင်ကြီးသူများလာခဲ့ပြီး အင်္ဂလန်တိုုက်စစ်မှူးဟောင်း အလန်ရှီးယားကလည်း ချယ်လ်ဆီးအသင်းအနေနဲ့ လာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်လိမ့်မယ်လို့ သုံးသပ်ပြောကြားခဲ့ပါတယ်။
ဗီယာရီကတော့ လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်မယ်လို့ ခန့်မှန်းလိုက်တာပါ။
''ကျွန်တော့်အမြင်ကတော့ လာမယ့်ရာသီမှာ ချယ်လ်ဆီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ပါလိမ့်မယ်။ ပြီးတော့ ချန်ပီယံလိဂ်ကိုလည်း စိန်ခေါ်နိုင်တဲ့အသင်းတစ်သင်း ဖြစ်လာမှာပါ''လို့ ဗီယာရီက ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းကို လက်ရှိအချိန်မှာ အီတလီနည်းပြ အန်ဇိုမာရက်စကာ ကိုင်တွယ်နေခြင်းကြောင့်လည်း ဗီယာရီက အခုလို ပြောကြားခဲ့တာပါ။
မာရက်စကာနဲ့ ပတ်သက်ပြီး ဗီယာရီက ''သူက ဂွါဒီယိုလာနဲ့အတူ နှစ်တွေအကြာကြီး အလုပ်လုပ်ခဲ့တာပါ။ အခုတော့ သူ့အစွမ်းအစကို ပြသလိုက်ပါပြီ''လို့ ပြောကြားခဲ့ပါတယ်။
လာမယ့်ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက် လီဗာပူးလ်အသင်းက ၁၁း၅ လေးနဲ့ ရေပန်းအစားဆုံးဖြစ်နေပြီး အာဆင်နယ်အသင်းက ၅း၂ လေးနဲ့ ဒုတိယနေရာ၊ မန်စီးတီးက ၁၆း၅ လေးနဲ့ တတိယနေရာ၊ ချယ်လ်ဆီးက ၈း၁ လေးနဲ့ စတုတ္ထနေရာမှာ ရှိနေပါတယ်။

မူရင်းသတင်း — Eleven Media Group