
ဆော်ဒီလိဂ်အကြီးအကဲတွေက ရီးယဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ယူရိုသန်း(၃၅၀)နဲ့ ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
ဆော်ဒီလိဂ်အကြီးအကဲတွေက ကမ္ဘာကျော်ကစားသမားတွေ သူတို့လိဂ်ဆီ ရောက်ရှိလာဖို့ ငွေအင်အားနဲ့ ကြိုးပမ်းနေတာဖြစ်ပြီး ဗင်နီစီယပ်စ်ကို (၅)နှစ်စာချုပ်အတွက် လစာအဖြစ် ယူရို(၁)ဘီလီယံ ပေးမယ်လို့ ကမ်းလှမ်းထားပြီးသားလည်းဖြစ်ပါတယ်။
အယ်လ်ဟီလာအသင်းရဲ့ ခေါ်ယူမှုအဖြစ် ကမ်းလှမ်းသွားမှာဖြစ်ပြီး လက်ရှိကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးက ဘာစီလိုနာက နေမာကို PSG အသင်း ယူရို(၂၂၂)သန်းနဲ့ ခေါ်ယူခဲ့တာပါ။
အယ်လ်ဟီလာအသင်းဟာ ၂၀၂၃ တုန်းက ဘာပေကို ယူရိုသန်း(၃၀၀)နဲ့ ကမ်းလှမ်းပြီး စံချိန်ချိုးဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
လက်ရှိအချိန်မှာတော့ ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းကို အသင်းရဲ့လစာအများဆုံးဖြစ်စေမယ့် လစာနှုန်းထားနဲ့ သက်တမ်းတိုးရမယ်လို့ တောင်းဆိုထားပြီး ရီးယဲလ်အသင်း လိုက်လျောရခက်နေတာကြောင့် အယ်လ်ဟီလာအသင်းက အခွင့်အရေးယူဖို့ စီစဉ်နေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဗင်နီစီယပ်စ်က ရီးယဲလ်အသင်းနဲ့ ၂၀၂၇ ခုနှစ်အထိသာ စာချုပ်သက်တမ်းကျန်ရှိတော့တယ်လို့ သိရပါတယ်။