Eleven Media Group

လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်း ပုဂ္ဂိုလ်ရေးသဘောတူညီမှုရရှိ

Photo: Getty Images

ဘိုင်ယန်မြူးနစ်အသင်းဟာ လီဗာပူးလ်အသင်းက ကိုလံဘီယာတောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူဖို့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
လူးဝစ်ဒီယက်ဇ်(၂၈ နှစ်)ဟာ လီဗာပူးလ်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပေမဲ့ တစ်ပတ်လစာ ပေါင်(၅၅၀၀၀)သာ ရရှိနေပါတယ်။
လီဗာပူးလ်အသင်းက ၂၀၂၇ မှာ သက်တမ်းကုန်မယ့် လူးဝစ်ဒီယက်ဇ်ကို တစ်ပတ်ပေါင်(၁၄၀၀၀၀)နှုန်းနဲ့ သက်တမ်းတိုးဖို့ စီစဉ်နေပေမဲ့ အဆင်မပြေသေးပါဘူး။
ဒါကြောင့် ဘာစီလိုနာနဲ့ ဘိုင်ယန်မြူးနစ်တို့က ခေါ်ယူဖို့ ကြိုးပမ်းလာကြတာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းက တစ်ပတ်ပေါင်(၂၅၀၀၀၀)ဝန်းကျင်နဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဘိုင်ယန်မြူးနစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင်(၅၈.၆)သန်းနဲ့ ပထမအကြိမ် ကမ်းလှမ်းမှုကို လီဗာပူးလ်အသင်းက ငြင်းပယ်ခဲ့တာကြောင့် မကြာခင် ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group