Eleven Media Group

ဟာဒတ်စပလစ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ရာကီတစ် ခန့်အပ်ခံရ

Photo: X

ခရိုအေးရှားလက်ရွေးစင်ဟောင်း ရာကီတစ်ဟာ ခရိုအေးရှားကလပ် ဟာဒတ်စပလစ်အသင်းရဲ့ နည်းစနစ်ဒါရိုက်တာအဖြစ် ခန့်အပ်ခံခဲ့ရကြောင်း သိရပါတယ်။
ရာကီတစ်(၃၇ နှစ်)ဟာ ဇူလိုင်(၇)ရက်ကမှ ကစားသမားဘဝက အနားယူကြောင်း ကြေညာခဲ့သူပါ။
ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတွေမှာ ပွဲအများဆုံးကစားပြီး အောင်မြင်မှုအများဆုံးရရှိခဲ့တဲ့ ရာကီတစ်ဟာ ကစားသမားဘဝကို ဟာဒတ်စပလစ်အသင်းမှာ အဆုံးသတ်ခဲ့ပြီးတဲ့နောက် အဲဒီအသင်းမှာပဲ နည်းစနစ်ဒါရိုက်တာအဖြစ် ဆက်လက်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
''ကျွန်တော့်ကို ယုံကြည်ပေးခဲ့ကြတဲ့ အသင်းဥက္ကဋ္ဌ အီဗန်ဘီလစ်နဲ့ အားကစားဒါရိုက်တာ ဗူစီဗစ်တို့ကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် ဟာဒတ်အသင်းကို ကူညီပေးချင်ပါတယ်။ ဒါဟာ ဒီရာထူးကို လက်ခံခဲ့တဲ့ တစ်ခုတည်းသော အကြောင်းပြချက်ပါပဲ'' လို့ ရာကီတစ်က ပြောကြားခဲ့ပါတယ်။
ရာကီတစ်က နည်းစနစ်ဒါရိုက်တာဘဝမှာလည်း ကစားသမားတုန်းကလို အားထုတ်ကြိုးပမ်းမှုမျိုးနဲ့ မြင်တွေ့စေရမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့ပါသေးတယ်။

မူရင်းသတင်း — Eleven Media Group