Eleven Media Group

ဆာဆူအိုလိုတိုက်စစ်မှူး အာမန်လော်ရီယန်တေးကို ဆန်းဒါးလန်းအသင်း သဘောတူညီမှုရရှိ

Photo: X

ပရီးမီးယားလိဂ်တန်းတက်ကလပ် ဆန်းဒါးလန်းအသင်းဟာ ဆာဆူအိုလိုအသင်းက ပြင်သစ်တိုက်စစ်မှူး အာမန်လော်ရီယန်တေးကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ သိရပါတယ်။
အာမန်လော်ရီယန်တေး(၂၆ နှစ်)ဟာ ပြီးခဲ့တဲ့ရာသီက ဆာဆူအိုလိုအသင်းနဲ့အတူ စီးရီးဘီကို လိုက်ပါကစားခဲ့ပြီး (၁၈)ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ဆန်းဒါးလန်းအသင်းက မျက်စိကျခဲ့တာပါ။
ဒါ့အပြင် ဆန်းဒါးလန်းအသင်းရဲ့ ပြင်သစ်နည်းပြ ရီဂစ်လီဘရစ်က လော်ရီယန့်အသင်းကို ကိုင်တွယ်စဉ် အာမန်လော်ရီယန်တေးနဲ့ လက်တွဲခဲ့ဖူးတာကြောင့် ဆန်းဒါးလန်းအသင်းဆီ ခေါ်ယူခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဆန်းဒါးလန်းအသင်းဟာ အာမန်လော်ရီယန်တေးအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း(၂၀)နဲ့ သဘောတူညီမှုရရှိခဲ့တာဖြစ်ပြီး အပိုဆုကြေးတွေ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။
အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုကတော့ စာချုပ်မှာ လက်မှတ်ရေးထိုးဖို့သာ ကျန်ရှိတော့တယ်လို့ ဆိုခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group