Eleven Media Group

အာဆင်အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်မှာ မာဒူအေကေ မပါဝင်

Photo: Arsenal

အာဆင်နယ်အသင်းဟာ စနေနေ့က စင်ကာပူကို ရာသီကြိုခြေစမ်းခရီး ထွက်ခွာခဲ့ရာမှာ နောက်ဆုံး ခေါ်ယူထားတဲ့ ကစားသမားသစ် မာဒူအေကေ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။
အာဆင်နယ်အသင်းဟာ ခြေစမ်းခရီးစဉ်ကို ကစားသမား(၃၀) ခေါ်ယူသွားခဲ့ပြီး ကစားသမားသစ်တွေဖြစ်တဲ့ ကယ်ပါ၊ ဇူဘီမန်ဒီနဲ့ နော်ဂါ့ဒ်တို့ ပါဝင်ခဲ့ပေမဲ့ မာဒူအေကေက ချယ်လ်ဆီးနဲ့ ကလပ်ကမ္ဘာ့ဖလားပွဲ ဆင်နွှဲခဲ့တာကြောင့် မခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းဟာ စင်ကာပူနိုင်ငံမှာ ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဇူလိုင်(၂၃)မှာ အေစီမီလန်၊ ဇူလိုင်(၂၇)မှာ နယူးကာဆယ်တို့နဲ့ ယှဉ်ပြိုင်မှာပါ။
ဇူလိုင်(၃၁)မှာတော့ စပါးအသင်းနဲ့ ဟောင်ကောင်မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး သြဂုတ်(၆)မှာ ဗီလာရီးယဲလ်၊ သြဂုတ်(၉)မှာ ဘီလ်ဘာအိုတို့နဲ့ အင်္ဂလန်မှာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ဘီလ်ဘာအိုနဲ့ပွဲက Emirates Cup အဖြစ် ယှဉ်ပြိုင်ကစားမှာပါ။
အာဆင်နယ်အသင်းဟာ ဗလင်စီယာနောက်ခံလူ မော်စကီရာကို ခေါ်ယူဖို့ နီးစပ်နေပြီဖြစ်ပေမဲ့ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်ကိုတော့ ဆွေးနွေးနေရဆဲဖြစ်တယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group