
ယူကရိန်းဟဲဗီးဝိတ်လက်ဝှေ့သမား အူဆိုက်ဟာ ဗြိတိန်လက်ဝှေ့သမား ဒူဘွာကို အလဲထိုးနဲ့ အနိုင်ယူပြီး ဒုတိယအကြိမ်မြောက် အငြင်းပွားဖွယ်မရှိ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဖြစ်လာခဲ့ပါတယ်။
ငါးချီမြောက်မှာ အူဆိုက်က ဒူဘွာကို နှစ်ကြိမ်တိုင် အလဲထိုးပြီးနောက် ခါးပတ်လေးခုကို ပိုင်ဆိုင်ခဲ့ပါတယ်။
အူဆိုက်အနေနဲ့ မကြာသေးခင်က IBF ချန်ပီယံခါးပတ် ရုပ်သိမ်းခံခဲ့ရပြီး အခုပွဲက IBF ချန်ပီယံ ဒူဘွာနဲ့ ချန်ပီယံပေါင်းစည်းပွဲ ပြန်ထိုးခဲ့ကာ အနိုင်ရခဲ့ကာ WBA(Super)၊ WBC၊ IBFနဲ့ WBO စတဲ့ မေဂျာလက်ဝှေ့အဖွဲ့အစည်းလေးခုစလုံးရဲ့ ချန်ပီယံ ပြန်ဖြစ်လာခဲ့တာပါ။
အူဆိုက်ဟာ ၂၀၂၃ ခုနှစ်က ဒူဘွာနဲ့ ထိုးသတ်တဲ့ပွဲမှာလည်း အနိုင်ယူခဲ့ပြီး ပရိုလက်ဝှေ့ပွဲ နှစ်ပွဲစလုံး အနိုင်ရထားပါတယ်။
အူဆိုက် (၃၈ နှစ်)က မိသားစုကို အချိန်ပေးပြီး နှစ်လ သို့မဟုတ် သုံးလလောက် အနားယူဦးမယ်လို့ပြောခဲ့ပါတယ်။
၎င်းအနေနဲ့ ဝိတ်တန်းနှစ်ခုမှာ ထိုးသတ်တဲ့ ကမ္ဘာ့ချန်ပီယံလုပွဲ ၁၃ ပွဲစလုံး အနိုင်ရခဲ့ပါတယ်။