Eleven Media Group

ကာမာဗင်ဂါကို PSG အသင်းထံ အန်နရီကေး ခေါ်ယူလို

Photo: X

PSG နည်းပြ အန်နရီကေးက ရီးယဲလ်အသင်းက ပြင်သစ်ကွင်းလယ်ကစားသမား ကာမာဗင်ဂါကို ခေါ်ယူဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ကာမာဗင်ဂါ(၂၂ နှစ်)ဟာ ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပွဲအနည်းငယ်သာ ကစားနိုင်ခဲ့ပါတယ်။
ဒါကြောင့် ရီးယဲလ်အသင်းက ပြန်ရောင်းထုတ်ဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
အန်နရီကေးက ကာမာဗင်ဂါဟာ သူ့ကစားကွက်နဲ့ ကိုက်ညီမယ့်သူလို့ ယူဆတာကြောင့် ခေါ်ယူဖို့ ဆန္ဒရှိနေတာဖြစ်ပြီး PSG အသင်းတာဝန်ရှိသူတွေကလည်း အန်နရီကေးကို လုံလောက်တဲ့အသုံးစရိတ် ထုတ်ပေးသွားမယ်လို့ သိရပါတယ်။
ဒီဘရိုင်းနားကို ဆုံးရှုံးထားရတဲ့ မန်စီးတီးအသင်းကလည်း ကာမာဗင်ဂါကို ခေါ်ယူဖို့ ပစ်မှတ်ထားနေပြီး ၂၀၂၉ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ကာမာဗင်ဂါအတွက် ရီးယဲလ်အသင်းက ပြောင်းရွှေ့ကြေး ယူရိုသန်း(၈၀)ဝန်းကျင် အလိုရှိနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group