
မိုနာကိုအသင်းရဲ့ ကစားသမားသစ် ပေါ့ဘာဟာ ကြံ့ခိုင်မှုအခြေအနေကြောင့် အသင်းရဲ့ ရာသီကြိုခြေစမ်းပွဲကို လွဲချော်ခဲ့ကြောင်း သိရပါတယ်။
မိုနာကိုအသင်းဟာ ဇူလိုင်(၁၉)မှာ နော်တင်ဟမ်ဖောရက်စ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့တာဖြစ်ပြီး ဂိုးမရှိသရေကျခဲ့ပါတယ်။
အဲဒီပွဲကို ပေါ့ဘာအပြင် နောက်ထပ်ကစားသမားသစ်တစ်ဦးဖြစ်တဲ့ အန်ဆူဖာတီလည်း လွဲချော်ခဲ့ပါတယ်။
ပေါ့ဘာ(၃၂ နှစ်)ဟာ ဂျူဗင်တပ်စ်အသင်းမှာ ယှဉ်ပြိုင်ကစားနေစဉ် တားမြစ်ဆေးပြဿနာကြောင့် ပွဲပယ်ခံခဲ့ရပြီး ဂျူဗင်တပ်စ်အသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် ဒီနွေမှာ မိုနာကိုအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုခဲ့့တာပါ။
မိုနာကိုအသင်းဟာ ရာသီသစ်မစခင် နောက်ထပ် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားသွားဖို့ စီစဉ်ထားပြီး သြဂုတ်(၃)ရက်မှာ ကစားမယ့် အေဂျက်စ်နဲ့ပွဲမှာတော့ ပေါ့ဘာ ပါဝင်ကစားနိုင်ဖွယ်ရှိကြောင်း သိရပါတယ်။