
လေဗာကူဆင်အသင်းက ဆွစ်ဇာလန်ကွင်းလယ်ကစားသမား ချာကာဟာ ဆန်းဒါးလန်းအသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
အာဆင်နယ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့ဖူးတဲ့ ချာကာ(၃၂)နှစ်ဟာ လေဗာကူဆင်အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပါတယ်။
ဒီနွေမှာ ချာကာကို ခေါ်ယူဖို့ ဆော်ဒီကလပ် အသင်းနဲ့ တူရကီကလပ် ဖီနာဘာချီအသင်းတို့က ကမ်းလှမ်းခဲ့ကြောင်းလည်း သိရပါတယ်။
အသင်းက ပြောင်းရွှေ့ကြေး ယူရို(၈)သန်းနဲ့ ကမ်းလှမ်းခဲ့ပြီး လေဗာကူဆင်အသင်းက ယူရို(၁၅)သန်း တောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့မဖြစ်မြောက်ခဲ့တာလို့လည်း သိရပါတယ်။
ဒါ့အပြင် ချာကာကလည်း မိသားစု အခြေတကျဖြစ်နေတဲ့ ဂျာမန်မြေမှာသာ ဆက်လက်ယှဉ်ပြိုင်ကစားသွားလိုတာကြောင့် ဆန်းဒါးလန်းအသင်းရဲ့ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။