Eleven Media Group

ဖရန့်ဖတ်တိုက်စစ်မှူး အီကီတိုက်ကို ယူရိုသန်း(၉၀)နဲ့ လီဗာပူးလ် ထပ်မံကမ်းလှမ်း

Photo: X

လီဗာပူးလ်အသင်းဟာ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိထားပြီဖြစ်တဲ့ ဖရန့်ဖတ်တိုက်စစ်မှူး အီကီတိုက်ကို ယူရိုသန်း(၉၀)နဲ့ ထပ်မံကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး အားဖြည့်ဖို့ စီစဉ်နေရာမှာ နယူးကာဆယ်အသင်းက ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ကြိုးစားနေသလို၊ အီကီတိုက်ကိုလည်း ကြိုးစားနေတာပါ။
ပြင်သစ်တိုက်စစ်မှူး အီကီတိုက်(၂၃) နှစ်ကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပေမဲ့ ဖရန့်ဖတ်အသင်းနဲ့တော့ ပြောင်းရွှေ့ကြေးညှိနှိုင်းနေဆဲဖြစ်ပါတယ်။
လီဗာပူးလ်အသင်းရဲ့ အခုနောက်ဆုံးကမ်းလှမ်းမှုက ယူရိုသန်း(၉၀)ဖြစ်တာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ နီးစပ်လာပြီဖြစ်ပေမဲ့ ဖရန့်ဖတ်အသင်းအတွက် စံချိန်သစ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။
ဖရန့်ဖတ်အသင်းက ၂၀၂၃ နွေရာသီမှာ ပြင်သစ်တိုက်စစ်မှူး မူအာနီကို PSG အသင်းဆီ ယူရို(၉၅)သန်းနဲ့ ရောင်းချခဲ့ပြီး အသင်းရဲ့ ကြေးအကြီးဆုံးရောင်းချမှုအဖြစ် မှတ်တမ်းဝင်နေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group