
လီဗာပူးလ်တိုက်စစ်ကစားသမား ဂတ်ပိုက အသင်းဖော်သစ် ဖရင်ပေါင်ဟာ အသင်းမှာ အမြန်ဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တယ်။
အသက် (၂၄) နှစ်အရွယ် နယ်သာလန်လက်ရွေးစင်ညာနောက်ခံကစားသမား ဖရင်ပေါင်ဟာ အခုနွေမှာ လေဗာကူဆင်အသင်းကနေ လီဗာပူးလ်အသင်းဆီသို့ ပေါင် (၂၉.၅) သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ ဖရင်ပေါင်ကို ရီးယဲလ်မက်ဒရစ်အသင်းဆီသို့ ပြောင်းရွှေ့သွားခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်ညာနောက်ခံကစားသမား အာနိုးလ်ရဲ့နေရာမှာ အစားထိုးဖို့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။
ဂတ်ပိုက ဖရင်ပေါင်ဟာ လီဗာပူးလ်အသင်းကို များစွာအကျိုးပြုမယ့်ကစားသမားဖြစ်ပြီး လက်ရှိအသင်းမှာ အမြန်ဆုံးကစားသမားဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။
ဂတ်ပိုက "ဖရင်ပေါင်က အသင်းကို များစွာအကျိုးဖြစ်စေထွန်းသူပါ။ သူ့မှာ အရည်အချင်းတွေအများကြီး ရှိပါတယ်။ အဲဒီအရည်အချင်းတွေထဲက အကြီးကျယ်ဆုံးတစ်ခုက လျင်မြန်မှုဖြစ်ပြီး အသင်းကစားသမားတွေထဲမှာ အမြန်ဆုံးကစားသမား ဖြစ်မယ်ထင်ပါတယ်။ သူက အရမ်းမြန်ပြီး ဖြတ်တင်ဘောတွေလည်း ကောင်းပါတယ်။ ပြီးတော့ သူက တိုက်စစ်ကို ကူညီနိုင်သလို ခံစစ်လည်း ကောင်းပါတယ်။ သူက ကျွန်တော်တို့အသင်းကို အများကြီးကူညီပေးနိုင်မယ်လို့ ထင်ပါတယ်"လို့ ပြောကြားခဲ့တာပါ။
လီဗာပူးလ်အသင်းဟာ လက်ရှိမှာ ရာသီကြိုခရီးစဉ်အဖြစ် ဟောင်ကောင်ကို ရောက်ရှိနေပြီး ဇူလိုင် (၂၆) ရက်မှာ အေစီမီလန်အသင်းနဲ့ ခြေစမ်းပွဲ ကစားမှာ ဖြစ်ပါတယ်။
Photos: Liverpool & Getty Images