
အတ္တလန်တာအသင်းဟာ အသင်းတိုက်စစ်ကစားသမား လွတ်ခ်မန်းကို ယူရိုသန်း (၅၀) ရမှ ရောင်းထုတ်မယ်လို့ စျေးနှုန်းသတ်မှတ်လိုက်ကြောင်း အီတလီမီဒီယာတွေက ဖော်ပြနေကြပါတယ်။
အသက် (၂၇) နှစ်အရွယ် နိုင်ဂျီးရီးယားလက်ရွေးစင်တိုက်စစ်ကစားသမား လွတ်ခ်မန်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက အတ္တလန်တာအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ (၄၀) မှာ ဂိုး (၂၀) သွင်းပြီး ခြေစွမ်းပြခဲ့တာပါ။
ဒါကြောင့် သူ့ကို ခေါ်ယူဖို့ စီးရီးအေထိပ်သီး အင်တာမီလန်အသင်းနဲ့အတူ ဥရောပအသင်းအချို့က စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။
အတ္တလန်တာအသင်းဟာ ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ လွတ်ခ်မန်းကို ယူရိုသန်း (၅၀) ထက် နည်းပါးတဲ့ ပမာဏနဲ့ ရောင်းထုတ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
လက်ရှိမှာ သူ့ကို ခေါ်ယူဖို့ အင်တာမီလန်အသင်းက ရေပန်းအစားဆုံးဖြစ်နေပေမဲ့ အတ္တလန်တာအသင်းအနေနဲ့ လွတ်ခ်မန်းကို စီးရီးအေပြိုင်ဘက်တွေထက် ပြည်ပသို့သာ ရောင်းချလိုနေတယ်လို့ သိရပါတယ်။
အတ္တလန်တာအသင်းဟာ လွတ်ခ်မန်းနေရာမှာ အစားထိုးဖို့လည်း စီစဉ်နေပြီး လီဗာပူးလ်အသင်းမှ ရုန်းကန်နေရတဲ့ အီတလီတိုက်စစ်ကစားသမား ခီယေဆာကို ယူရို (၅) သန်းနဲ့ ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။