
နယူးကာဆယ်အသင်းဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဝစ်ဆာကို ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။
အသက် (၂၈) နှစ်အရွယ် DR ကွန်ဂိုတိုက်စစ်မှူး ဝစ်ဆာဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘရန့်ဖို့ဒ်အသင်းအတွက် ပြိုင်ပွဲစုံ (၃၉) ပွဲမှာ ဂိုး (၂၀) သွင်းယူခဲ့တာပါ။
နယူးကာဆယ်အသင်းဟာ အခုနွေမှာ သူ့ကို ခေါ်ယူဖို့ စီစဉ်နေပြီး ပထမအကြိမ်အဖြစ် ပေါင် (၂၅) သန်းနဲ့ ကမ်းလှမ်းခဲ့ရာမှာတော့ ဘရန့်ဖို့ဒ်အသင်းက ပယ်ချခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် နယူးကာဆယ်အသင်းဟာ ဝစ်ဆာကို ကြေးတိုးမြှင့်ကမ်းလှမ်းဖို့ စီစဉ်နေပြီး ဘရန့်ဖို့ဒ်အသင်းကတော့ သူတို့ကစားသမားအတွက် ပေါင်သန်း (၄၀) အလိုရှိနေတယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဟာ အခုနွေမှာ အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းဖို့ စီစဉ်နေပြီး ဖရန့်ဖတ်တိုက်စစ်မှူး အီကီတိုက်ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကစားသမားက လီဗာပူးလ်အသင်းကို ရွေးချယ်ခဲ့တာကြောင့် ဝစ်ဆာကို ခေါ်ယူဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။