
ချန်ပီယံလိဂ်လက်ရှိချန်ပီယံ PSG အသင်းဟာ ရီးယဲလ်မက်ဒရစ်တိုက်စစ်ကစားသမား ရိုဒရီဂိုရဲ့ အခြေအနေကို စောင့်ကြည့်နေတယ်လို့ Sky Sports သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
အသက် (၂၄) နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်ကစားသမား ရိုဒရီဂိုဟာ ရီးယဲလ်မက်ဒရစ်နည်းပြသစ် အလွန်ဆိုလက်ထက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ရဖွယ်ရှိနေတာကြောင့် အခုနွေမှာ အသင်းပြောင်းရွှေ့ဖွယ်ရှိတယ်လို့ သတင်းထွက်နေပါတယ်။
လက်ရှိမှာ ရိုဒရီဂိုကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းက ကြိုးပမ်းနေပြီး အခု PSG အသင်းကပါ သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။
Sky Sports ရဲ့ ဖော်ပြချက်အရ PSG အသင်းဟာ ရီးယဲလ်မက်ဒရစ်အသင်းမှာ ရိုဒရီဂိုရဲ့ အခြေအနေကိုစောင့်ကြည့်နေပြီး အခွင့်အရေးရှိလာရင် ကမ်းလှမ်းမှုတွေ ပြုလုပ်သွားဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
ရီးယဲလ်မက်ဒရစ်အသင်းဟာ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ ရိုဒရီဂိုအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၀၀) အလိုရှိနေတယ်လို့ သိရပါတယ်။