Eleven Media Group

■ ရာသီသစ်မှာ အောင်မြင်မှု ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ဆာကာ ပြောကြား

Photo: Arsenal

အာဆင်နယ်တောင်ပံကစားသမား ဆာကာက ရာသီသစ်မှာ အောင်မြင်မှုတွေ ရယူနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ပြီးခဲ့တဲ့ (၃) ရာသီဆက်တိုက် ဒုတိယနေရာနဲ့ ကျေနပ်ခဲ့ရတဲ့ အာဆင်နယ်အသင်းဟာ ရာသီသစ်ဟာ အောင်မြင်မှုတွေ ရရှိဖို့ မျှော်လင့်နေတာပါ။

ဒါကြောင့် အာဆင်နယ်အသင်းဟာ အခုနွေမှာ အသင်းကို အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေပြီး ဇူဘီမန်ဒီ၊ ကယ်ပါ၊ နော်ဂတ်၊ မာဒူအေကေတို့ကို ခေါ်ယူထားသလို၊ စပို့တင်းလစ္စဘွန်းတိုက်စစ်မှူး ယိုကယ်ရက်စ်နဲ့ ဗလင်စီယာနောက်ခံလူ မော့ကွီရာတို့ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှု ရထားတယ်လို့ သိရပါတယ်။

ဆာကာက အခုနွေမှာ ခေါ်ယူထားတဲ့ ကစားသမားသစ်တွေကြောင့် စိတ်လှုပ်ရှားစရာကောင်းပြီး ရာသီသစ်မှာ အောင်မြင်မှုတွေ ရမယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့တာပါ။

ဆာကာက "ကစားသမားသစ်တွေကြောင့် ကျွန်တော်တို့ စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော်တို့အသင်းမှာ အရည်အသွေးမြင့်ကစားသမားတွေချည်းပါပဲ။ ဒါကြောင့် ရာသီသစ်မှာ အောင်မြင်မှုတွေ ရမယ်လို့ ယုံကြည်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ရာသီကြိုခြေစမ်းပွဲအဖြစ် ဇူလိုင် (၂၃) ရက်က အေစီမီလန်အသင်းနဲ့ ကစားခဲ့ရာမှာတော့ ဆာကာရဲ့ တစ်လုံးတည်းသောဂိုးကြောင့် (၁-ဝ) ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group