Eleven Media Group

ရီးယဲလ်က အငှားချဖို့ စီစဉ်နေပေမဲ့ အသင်းမှာသာ ဆက်ကစားဖို့ အန်းဒရစ် ဆန္ဒရှိ

Photo: X

ရီးယဲလ်အသင်းက ဘရာဇီးလ်တိုက်စစ်မှူး အန်းဒရစ်ဟာ အသင်းက သူ့ကို အငှားချဖို့ စီစဉ်နေပေမဲ့ ရီးယဲလ်မှာသာ ဆက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ရီးယဲလ်အသင်းရဲ့ နည်းပြသစ်ဖြစ်လာတဲ့ ရှာဘီအလွန်ဆိုက ဆယ်ကျော်သက်တိုက်စစ်မှူး အန်းဒရစ်ကို နေရာပေးလိုခြင်းမရှိသေးတာကြောင့် ရီးယဲလ်အသင်းက အငှားချဖို့ စီစဉ်နေတာပါ။
ဒါပေမဲ့ အန်းဒရစ်(၁၉ နှစ်)ကတော့ အသင်းမှာသာ နေရာလုတိုက်ပွဲ ဆင်နွှဲသွားလိုတယ်လို့ သိရပါတယ်။
အန်းဒရစ်ဟာ တောက်ပလာမယ့်ကစားသမားအဖြစ် ထင်ကြေးပေးခံထားရသူဖြစ်ပေမဲ့ လက်ရှိအချိန်မှာ အလွန်ဆိုက အရန်အသင်းက စပိန်တိုက်စစ်မှူး ဂွန်ဇာလိုဂါစီယာကို ပိုသဘောကျနေတယ်လို့ သိရပါတယ်။
အန်းဒရစ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် နောက်ထပ်(၂)လလောက် အနားယူရမယ့်အခြေအနေလည်း ရှိနေပါတယ်။
အန်းဒရစ်ကို အငှားချဖို့ ဘရာဇီးလ်လက်ရွေးစင်အသင်းနည်းပြ အန်ဆယ်လော့တီက တိုက်တွန်းနေကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group