Eleven Media Group

မန်ယူက ထွက်ခွာဖို့ လုခ်ရှော စီစဉ်နေပြီး ဆော်ဒီလိဂ်က ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမယ်

Photo: X

မန်ယူအသင်းရဲ့ ၀ါရင့်နောက်ခံလူ လုခ်ရှောဟာ အသင်းက ထွက်ခွာဖို့ စီစဉ်နေပြီး ဆော်ဒီလိဂ်က ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားမယ်လို့ သိရပါတယ်။
အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူ လုခ်ရှော(၃၀ နှစ်)ဟာ ၂၀၁၄ ကတည်းက ဆောက်သမ်တန်ကနေ မန်ယူကို ရောက်ရှိခဲ့သူပါ။
လုခ်ရှောဟာ မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း (၂)နှစ် ကျန်နေသေးပေမဲ့ အသင်းမှာ ကစားခွင့်ရဖို့ အလားအလာနည်းပါးနေပြီဖြစ်တာကြောင့် လမ်းခွဲဖို့ စီစဉ်လာတာဖြစ်ပါတယ်။
မန်ယူနည်းပြ အာမိုရင်မ်က ပြီးခဲ့တဲ့ရာသီမှာ ဒေါ်ဂူကို ခေါ်ယူထားသလို၊ ဒီနွေမှာ ဒီယေဂိုလီယွန်ကို ထပ်ခေါ်ထားတာကြောင့် လုခ်ရှောအတွက် အခွင့်အရေးပိုနည်းသွားတာပါ။
မန်ယူအသင်းမှာ တစ်ပတ်ပေါင်(၁၅၀၀၀၀)ရရှိနေတဲ့ လုခ်ရှောကို ဆော်ဒီကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group