
ယူအေအီးကလပ် ယူနိုက်တက်အက်ဖ်စီအသင်းက ဂျူဗင်တပ်စ်နည်းပြဟောင်း အန်ဒရေပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။
နာမည်ကျော်ကွင်းလယ်ကစားသမားဟောင်း ပီယာလို(၄၆ နှစ်)ဟာ ၂၀၂၄ သြဂုတ်လမှာ ဆမ်ဒိုးနီးရီးယားနည်းပြရာထူးက ထုတ်ပယ်ခံခဲ့ရပြီး အသင်းလက်မဲ့ဖြစ်နေတာပါ။
ယူနိုက်တက်အက်ဖ်စီအသင်းဟာ ဒူဘိုင်းမှာ အခြေစိုက်ထားတဲ့အသင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာမှ စတင်တည်ထောင်ခဲ့တာပါ။
ယူနိုက်တက်အက်ဖ်စီအသင်းဟာ လာမယ့်ရာသီမှာ ယူအေအီးပထမတန်းပြိုင်ပွဲကို ယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် ပီယာလိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာဖြစ်ပြီး ယူအေအီးပရိုလိဂ်ကို တက်ရောက်ခွင့်ရဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
ပီယာလိုက ယူနိုက်တက်အက်ဖ်စီအသင်းနဲ့ ၂၀၂၇ ခုနှစ်အထိ (၂)နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ယူအေအီးပထမတန်းပြိုင်ပွဲက စက်တင်ဘာလမှာ စတင်မယ်လို့ သိရပါတယ်။