
ပြီးခဲ့တဲ့ရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမား သောမတ်စ်မူလာက ဘောလုံးဆက်ကစားချင်သေးတာကြောင့် အနားယူဦးမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
သောမတ်စ်မူလာ (၃၅ နှစ်)ဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အသင်းလက်မဲ့ဖြစ်နေပါပြီ။
သောမတ်စ်မူလာဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့ကစားဖို့ အလားအလာများနေပြီး ဒါကို သူကလည်း ဝန်ခံထားပါတယ်။
ကျွန်တော် ဘောလုံးဆက်ကစားချင်နေတုန်းပါပဲ။ ဒါဟာ ကျွန်တော် ရှေ့ဆက်ကစားဖို့ ဆုံးဖြတ်ရခြင်းအကြောင်းပါ။ ကျွန်တော် ဘောလုံးသမားတစ်ယောက်အဖြစ် ဆက်ရှိနေဦးမှာပါ လို့ သောမတ်စ်မူလာက ဆိုခဲ့ပါတယ်။
သောမတ်စ်မူလာက လာမယ့်နှစ်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လက်ခံကျင်းပမယ့် အမေရိကန်နိုင်ငံက မေဂျာလိဂ်ပြိုင်ပွဲဟာ စိတ်ဝင်စားစရာကောင်းတယ်လို့လည်း ပြောကြားခဲ့ပါတယ်။