Eleven Media Group

စတာလင်ကို နာပိုလီနဲ့အပြိုင် ဖူလ်ဟမ်အသင်း ကမ်းလှမ်းဖို့ စီစဉ်နေ

Photo: X

ဖူလ်ဟမ်အသင်းဟာ ချယ်လ်ဆီးအသင်းက အင်္ဂလန်တောင်ပံကစားသမား စတာလင်ကို နာပိုလီနဲ့အပြိုင် ကမ်းလှမ်းဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အစောပိုင်းမှာ စတာလင်ကို ခေါ်ယူဖို့ ပြည်ပကလပ်အသင်းတွေကသာ စိတ်ဝင်စားကြောင်း သတင်းထွက်ခဲ့ပြီး အခု ဖူလ်ဟမ်အသင်းက ကမ်းလှမ်းတော့မယ်လို့ သတင်းထပ်ထွက်လာတာပါ။
ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက စတာလင်ကို အာဆင်နယ်အသင်းဆီ အငှားချခဲ့ပြီး ဒီနွေမှာတော့ အပြီးသတ်ရောင်းချဖို့ အရောင်းစာရင်း တင်သွင်းထားပါတယ်။
စတာလင်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း(၂၀)ရရှိဖို့ လိုလားနေကြောင်းလည်း သိရပါတယ်။
ဖူလ်ဟမ်အသင်းသာ အမှန်တကယ်ကမ်းလှမ်းလာခဲ့ရင် စတာလင်အနေနဲ့ လန်ဒန်မှာပဲ ဆက်ကစားရမယ့်အခြေအနေကြောင့် ဦးစားပေးရွေးချယ်ဖွယ်ရှိတယ်လို့ ထင်ကြေးပေးနေကြပါတယ်။

မူရင်းသတင်း — Eleven Media Group