
PSG အသင်းဟာ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေတဲ့ အီတလီဂိုးသမား ဒွန်နာရမ်မာကို ဒီနွေမှာ ရောင်းထုတ်ဖွယ်ရှိတယ်လို့ သိရပါတယ်။
ဒွန်နာရမ်မာဟာ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒီနွေမှာ သက်တမ်းမတိုးနိုင်ရင် PSG အသင်းအနေနဲ့ လာမယ့်နှစ်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာခွင့်ပြုရတော့မှာပါ။
PSG အသင်းဟာ ဒွန်နာရမ်မာ(၂၆ နှစ်)ကို အေစီမီလန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်မှာ ပြောင်းရွှေ့ကြေးအလွတ်နဲ့ ခေါ်ယူထားတာဖြစ်ပေမဲ့ လစာများစွာ ပေးချေထားရတဲ့ကစားသမားဖြစ်တာကြောင့် အလွတ်ထွက်ခွာခွင့်ပြုလိုခြင်းမရှိပါဘူး။
ဒါကြောင့် ပြောင်းရွှေ့ကြေးရရှိမယ့် အခုနွေရာသီမှာပဲ ရောင်းထုတ်ဖို့ စီစဉ်နေပြီလို့ သတင်းထွက်နေပါတယ်။
PSG အသင်းက ဒွန်နာရမ်မာနေရာ အစားထိုးဖို့ လိုင်လီအသင်းက ပြင်သစ်ဂိုးသမား ချီဗာလီယာကို ချိန်ရွယ်နေပြီး လိုင်လီအသင်းက ပေါင်သန်း(၄၀)ဝန်းကျင် အလိုရှိနေတယ်လို့ သိရပါတယ်။
ဒွန်နာရမ်မာကလည်း ရီးယဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားဖို့ မျှော်မှန်းနေတယ်လို့ သိရပါတယ်။