
အာဆင်နယ်အသင်းဟာ စပို့တင်းလစ္စဘွန်းအသင်းက ဆွီဒင်တိုက်စစ်မှူး ယိုကယ်ရက်စ်ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ခရစ္စတယ်ပဲလေ့စ်အသင်းက အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား အက်ဇီကို ထပ်မံခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
အက်ဇီဟာ အာဆင်နယ်လူငယ်အသင်းမှာ အသက်(၁၃)နှစ်အရွယ်အထိ ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာမှ QPR ကနေ ခရစ္စတယ်ပဲလေ့စ်အသင်းကို ပေါင်(၁၇)သန်းနဲ့ ပြောင်းရွှေ့ခဲ့တာပါ။
အက်ဇီ(၂၇ နှစ်)ကို ခရစ္စတယ်ပဲလေ့စ်အသင်းက ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားသလို၊ ပေါင်(၆၇)သန်းတန် လျော်ကြေးစာချုပ်လည်း ချုပ်ဆိုထားပါတယ်။
ဒါပေမဲ့ အာဆင်နယ်အသင်းက အက်ဇီကို ပေါင်သန်း(၆၀)နဲ့ ကမ်းလှမ်းဖို့စီစဉ်နေပြီး အသင်းနှစ်သင်းကြား ကောင်းမွန်တဲ့ဆက်ဆံရေး အခြေအနေရှိနေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်တယ်လို့ ယုံကြည်နေကြောင်း သိရပါတယ်။
အက်ဇီအနေနဲ့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့ခဲ့ရင် လစ်လပ်နေတဲ့ ကျောနံပါတ်(၁၀)ကို ဝတ်ဆင်ခွင့်ရလိမ့်မယ်လို့လည်း ဗြိတိန်မီဒီယာတွေက သုံးသပ်ထားကြပါတယ်။