Eleven Media Group

ဘရန့်ဖို့ဒ်အသင်းအတွက် မကစားပေးလိုတော့ဘူးလို့ ဝစ်ဆာ ပြောကြား

Photo: X

နယူးကာဆယ်အသင်း ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဝစ်ဆာက အသင်းတာဝန်ရှိသူတွေကို ဘရန့်ဖို့ဒ်အသင်းအတွက် မကစားပေးလိုတော့ဘူးလို့ ပြောကြားခဲ့ကြောင်း သိရပါတယ်။
DR ကွန်ဂိုတိုက်စစ်မှူး ဝစ်ဆာ(၂၈ နှစ်)ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ချုပ်ဆိုထားပြီး နောက်ထပ်တစ်နှစ်သက်တမ်းတိုးနိုင်တဲ့ သဘောတူညီမှုလည်း ပါဝင်ပါတယ်။
ဒါပေမဲ့ ဒီနွေမှာ အသင်းပြောင်းရွှေ့ချင်တယ်ဆိုရင် ပြောင်းရွှေ့ခွင့်ပြုမယ်လို့ ဘရန့်ဖို့ဒ်အသင်းတာဝန်ရှိသူတွေက ကတိပေးထားတယ်လို့ ဝစ်ဆာက ပြောကြားခဲ့ပါတယ်။
ဝစ်ဆာက နယူးကာဆယ်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာကြောင့် ပြောင်းရွှေ့ခွင့်မပေးဘူးဆိုရင် အသင်းအတွက် မကစားပေးတော့ဘူးလို့ အကျပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
ဒါကြောင့် ဘရန့်ဖို့ဒ်အသင်းက နယူးကာဆယ်အသင်းနဲ့ ပြန်လည်ဆွေးနွေးဖို့ စီစဉ်နေပြီး နယူးကာဆယ်အသင်းက ပေါင်သန်း(၄၀)ဝန်းကျင်နဲ့ ကမ်းလှမ်းဖွယ်ရှိကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group