
ချယ်လ်ဆီးအသင်းဟာ အင်္ဂလန်တိုက်စစ်ကစားသမား ကိုးလ်ပါလ်မာအတွက် မန်စီးတီးအသင်းရဲ့ ယူရိုသန်း(၁၇၀)နဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
ပါလ်မာ(၂၃ နှစ်)ဟာ မန်စီးတီးအသင်းရဲ့ ကစားသမားဟောင်းဖြစ်ပြီး ၂၀၂၃ နွေရာသီမှာမှ ချယ်လ်ဆီးအသင်းဆီ ပေါင်သန်း(၄၀)+ Add-ons ကြေး ပေါင်(၂.၅)သန်းနဲ့ ရောင်းထုတ်ခဲ့တာပါ။
ပါလ်မာဟာ ချယ်လ်ဆီးအသင်းမှာ အကောင်းဆုံး ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြနေတာကြောင့် အသင်းကို သွေးသစ်လောင်းနေတဲ့ မန်စီးတီးအသင်းက ပြန်လည်ခေါ်ယူဖို့ စီစဉ်နေတာဖြစ်ပါတယ်။
စပိန်သတင်းစာ Fichajes က မန်စီးတီးအသင်းဟာ ကိုးလ်ပါလ်မာကို ယူရိုသန်း(၁၇၀)နဲ့ ကမ်းလှမ်းခဲ့ရာမှာ ချယ်လ်ဆီးအသင်းက ငြင်းပယ်ခဲ့ပြီး ပေါင်သန်း(၂၅၀)ပေးမှ ရောင်းမယ်လို့ တုံ့ပြန်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
ပါလ်မာဟာ ချယ်လ်ဆီးအသင်းအတွက် (၉၇)ပွဲကစားကာ (၄၃)ဂိုးသွင်းယူထားပြီး ပြီးခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပါတယ်။