
နယူးကာဆယ်အသင်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ တိုက်စစ်မှူးစာရင်းထဲမှာ ချယ်လ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်လည်း ပါဝင်နေတယ်လို့ သိရပါတယ်။
နယူးကာဆယ်အသင်းဟာ ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ကို ထွက်ခွာခွင့်ပြုရဖို့ အလားအလာများနေတာကြောင့် တိုက်စစ်မှူးအသစ် ရှာဖွေနေရာမှာ ဆီနီဂေါတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆင်လည်း ပါဝင်နေတာပါ။
နယူးကာဆယ်အသင်း ပစ်မှတ်ထားနေတဲ့ တခြားတိုုက်စစ်မှူးတွေကတော့ ဝစ်ဆာ(ဘရန့်ဖို့ဒ်)၊ ရှက်ရှကို(လိုက်ပ်ဇစ်)၊ ဝပ်ကင်စ်(အက်စတွန်ဗီလာ)တို့ ဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းက ဒီနွေရာသီမှာ တိုက်စစ်မှူးတွေ ထပ်မံအားဖြည့်ခေါ်ယူထားတာကြောင့် နီကိုလက်စ်ဂျက်ဆင်ကို ရောင်းထုတ်နိုင်တယ်လို့ သတင်းထွက်နေပြီး သူ့ကို နယူးကာဆယ်အပြင် မန်ယူအသင်းကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။
ဒါပေမဲ့ ချယ်လ်ဆီးအသင်းက ၂၀၂၃ နွေရာသီမှာ ဗီလာရီးယဲလ်အသင်းဆီက ပေါင်(၃၂)သန်းနဲ့ ခေါ်ယူထားတဲ့ နီကိုလက်စ်ဂျက်ဆင်အတွက် အနိမ့်ဆုံးပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)ရရှိမှ ရောင်းထုတ်မယ်လို့ သိရပါတယ်။