Eleven Media Group

အာဆင်နယ်တိုက်စစ်မှူး ဂျေးဇူးကို အငှားနဲ့ခေါ်ယူဖို့ ဖလာမင်ဂိုအသင်း ကြိုးပမ်းနေ

Photo: X

ဘရာဇီးလ်ကလပ် ဖလာမင်ဂိုအသင်းဟာ အာဆင်နယ်အသင်းက ဘရာဇီးလ်တိုက်စစ်မှူး ဂျေးဇူးကို အငှားစာချုပ်နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေကြောင်း သိရပါတယ်။
ဂျေးဇူး(၂၈ နှစ်)ဟာ ၂၀၂၂ နွေရာသီမှာ မန်စီးတီးကနေ အာဆင်နယ်ကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူခဲ့ရပါတယ်။
အာဆင်နယ်အသင်းက ၂၀၂၇ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ဂျေးဇူးကို စာချုပ်သက်တမ်းတိုးလိုခြင်းမရှိတော့တာကြောင့် ဖလာမင်ဂိုအသင်းက တစ်ရာသီအငှားနဲ့ ခေါ်ယူပြီး ၂၀၂၆ နွေရာသီမှာ အပြီးသတ်စာချုပ်ချုပ်ဆိုဖို့ ကြိုးပမ်းနေခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျေးဇူးကလည်း ဘရာဇီးလ်မှာ ပြန်ကစားချင်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ခြေရှိနေပြီး အငှားခေါ်ယူစဉ်ကာလအတွင်း အာဆင်နယ်အသင်းနဲ့ လစာတစ်ဝက်စီ ပေးချေသွားဖို့ ဖလာမင်ဂိုအသင်းက တောင်းဆိုထားကြောင်း သိရပါတယ်။
ဖလာမင်ဂိုအသင်းဟာ အာဆင်နယ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ အီတလီကွင်းလယ်လူ ဂျော်ဂျင်ဟိုကိုလည်း ဒီနွေမှာ ခေါ်ယူထားပါတယ်။

မူရင်းသတင်း — Eleven Media Group