Eleven Media Group

ဂျော်အိုဖေးလစ်ကို ခေါ်ယူဖို့ အယ်လ်နာဆာအသင်း သဘောတူညီမှုရရှိပြီလို့ ရိုမာနို ဖော်ပြ

Photo: X

နာမည်ကျော် အီတလီဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက အယ်လ်နာဆာအသင်းဟာ ချယ်လ်ဆီးတိုက်စစ်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီလို့ ဖော်ပြခဲ့ပါတယ်။
ဆော်ဒီကလပ် အယ်လ်နာဆာအသင်းဟာ ပေါ်တူဂီကစားသမားအတွက် ကနဦးပြောင်းရွှေ့ကြေးယူရိုသန်း(၃၀)နဲ့ Add-ons ကြေး ယူရိုသန်း(၂၀)ဝန်းကျင် ပေးချေရမယ့်အပြင် တခြားအသင်းထံ ပြန်လည်ရောင်းချခဲ့ရင် အကျိုးအမြတ်များစွာ ထပ်ပေးရမယ့် သဘောတူညီချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
ချယ်လ်ဆီးအသင်းဟာ ဂျော်အိုဖေးလစ်(၂၅ နှစ်)ကို ၂၀၂၂-၂၃ ရာသီမှာ အငှားနဲ့ ခေါ်ယူခဲ့ပြီး ၂၀၂၄ နွေရာသီမှာ အပြီးသတ်ခေါ်ယူခဲ့တာပါ။
ဒါပေမဲ့ ၂၀၃၁ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတဲ့ ကစားသမားကို ၂၀၂၅ ဆောင်းရာသီအပြောင်းအရွှေ့မှာ အေစီမီလန်အသင်းဆီ အငှားချခဲ့ပြီး အခု အယ်လ်နာဆာအသင်းဆီ ရောင်းထုတ်ခဲ့တာပါ။
ရိုမာနိုကတော့ ဂျော်အိုဖေးလစ်အနေနဲ့ ဆေးစစ်ဖို့သာ ကျန်ရှိတော့ပြီး မကြာခင် အယ်လ်နာဆာကစားသမား ဖြစ်လာတော့မယ်လို့ ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group