
ရီးယဲလ်မက်ဒရစ်အသင်းက မန်စီးတီးကွင်းလယ်လူ ရိုဒရီကို ခေါ်ယူဖို့အတွက် ကာမာဗင်ဂါ၊ ရိုဒရီဂိုတို့နဲ့ အလိုက်ပေးကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။
ရီးယဲလ်အသင်းဟာ တိုနီကရို့စ်နဲ့ မိုဒရစ်တို့ မရှိတော့တဲ့နောက် အသင်းရဲ့ကွင်းလယ်ကို ပြန်လည်အားဖြည့်ဖို့ စီစဉ်နေရာမှာ စပိန်ကွင်းလယ်လူ ရိုဒရီ(၂၉ နှစ်)ကို မျက်စိကျနေတာဖြစ်ပြီး ဒီနွေမှာ ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
CaughtOffside ရဲ့ အဆိုအရ ရီးယဲလ်အသင်းဟာ ရိုဒရီအတွက် ကာမာဗင်ဂါနဲ့ ရိုဒရီဂိုတို့အပြင် ပြောင်းရွှေ့ကြေးယူရိုသန်း(၄၀)ပေးမယ်လို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဒါပေမဲ့ မန်စီးတီးအသင်းက ရိုဒရီကို လက်လွှတ်လိုခြင်းမရှိတာကြောင့် ၂၀၂၉-၃၀ ရာသီအထိ သက်တမ်းတိုးစာချုပ်ချုပ်ဆိုဖို့ စီစဉ်နေကြောင်းလည်း သိရပါတယ်။
ရိုဒရီရဲ့လက်ရှိစာချုပ်က ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပြီး လက်ရှိစျေးကွက်တန်ဖိုးက ယူရိုသန်း(၁၁၀)ရှိပေမဲ့ လာမယ့် ၂၀၂၆ ခုနှစ်ဆိုရင် ယူရိုသန်း(၆၀)နဲ့ (၈၀)ကြားကို လျော့ကျသွားလိမ့်မယ်လို့ Yahoo Sports က သုံးသပ်ထားပါတယ်။