
စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ဟာ အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေတာကြောင့် ရိုမဲရိုးက စပါးအသင်းခေါင်းဆောင် ဖြစ်လာဖွယ်ရှိတယ်လို့ ထင်ကြေးပေးမှုတွေ ရှိနေပါတယ်။
တောင်ကိုရီးယားကစားသမား ဆွန်ဟောင်မင် (၃၃ နှစ်)ဟာ ၂၀၁၅ ခုနှစ်ကတည်းက စပါးအသင်းကို ရောက်ရှိခဲ့သူဖြစ်ပြီး ပွဲပေါင်း(၄၅၀) ကျော် ကစားပေးထားသူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလမှာ စပါးအသင်းက သူ့ကို မူလသဘောတူညီချက်အတိုင်း ၂၀၂၆ ခုနှစ်အထိ တစ်နှစ်သက်တမ်းတိုးခဲ့ပေမဲ့ လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေပါတယ်။
ဆွန်ဟောင်မင်ကို ဆော်ဒီကလပ်တစ်သင်းနဲ့ မေဂျာလိဂ်ကလပ် LAFC အသင်းတို့က ကမ်းလှမ်းထားပြီး ဆွန်ဟောင်မင်သာ LAFC အသင်းကို ပြောင်းရွှေ့လိုတယ်ဆိုရင် စပါးအသင်းက ပြောင်းရွှေ့ကြေးပေါင်သန်း(၂၀)နဲ့ ထွက်ခွာခွင့်ပြုမယ်လို့လည်း သတင်းထွက်နေပါတယ်။
ဒါကြောင့် အသင်းခေါင်းဆောင်နေရာအတွက်လည်း ထင်ကြေးပေးနေကြတာဖြစ်ပြီး နည်းပြသစ် သောမတ်စ်ဖရန့်ခ်က ဆွန်ဟောင်မင် ဆက်ရှိခဲ့ရင်တော့ အသင်းခေါင်းဆောင် အပြောင်းအလဲပြုလုပ်ဖွယ်မရှိဘူးလို့လည်း သုံးသပ်နေကြပါတယ်။