Eleven Media Group

လိုင်လီဂိုးသမား ချီဗာလီယာကို PSG အသင်း တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်

Photo: X

PSG အသင်းဟာ လိုင်လီဂိုးသမား လူးကပ်စ်ချီဗာလီယာကို ခေါ်ယူဖို့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီဖြစ်တာကြောင့် လိုင်လီအသင်းကို တရားဝင်ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ကြောင်း သိရပါတယ်။
PSG အသင်းဟာ အီတလီဂိုးသမား ဒွန်နာရမ်မာကို သက်တမ်းတိုးဖို့ အဆင်မပြေတာကြောင့် ချီဗာလီယာကို ခေါ်ယူအစားထိုးဖို့ စီစဉ်နေတာပါ။
ချီဗာလီယာ(၂၃ နှစ်)ဟာ ၂၀၂၄ နိုဝင်ဘာမှာမှ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ပထမဆုံးအကြိမ် ရွေးချယ်ခေါ်ယူခြင်းခံခဲ့ရသူဖြစ်ပေမဲ့ လိုင်လီအသင်းရဲ့ ပထမဂိုးသမားအဖြစ် လက်စွမ်းပြခွင့်ရနေတာကတော့ (၃)ရာသီရှိပါပြီ။
PSG အသင်းရဲ့ ပထမဆုံးအကြိမ် တရားဝင်ကမ်းလှမ်းမှုက ယူရိုသန်း(၄၀)အောက် တန်ကြေးနဲ့သာဖြစ်တာကြောင့် လိုင်လီအသင်းက ငြင်းပယ်ဖွယ်ရှိနေပြီး အသင်းအနေနဲ့ ကြေးတိုးမြှင့်ကမ်းလှမ်းမှု ထပ်လုပ်ရလိမ့်မယ်လို့ မီဒီယာတချို့က ဖော်ပြခဲ့ပါတယ်။
PSG အသင်းနဲ့ လမ်းခွဲဖို့ နီးစပ်နေတဲ့ ဒွန်နာရမ်မာကတော့ မန်စီးတီးနဲ့ မန်ယူ တစ်သင်းသင်းကို ရောက်ရှိနိုင်ခြေရှိကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group