Eleven Media Group

■ လီဝန်ဒေါစကီးကို ရောင်းထုတ်ဖို့ ဘာစီလိုနာအသင်း ပြင်ဆင်

Photo: Getty Images

လာလီဂါချန်ပီယံ ဘာစီလိုနာအသင်းဟာ အသင်းဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးကို အခုနွေမှာ ရောင်းထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိတော့တဲ့ လီဝန်ဒေါစကီး (၃၆ နှစ်)ကို အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကြောင့် ရောင်းထုတ်လိုနေတာ ဖြစ်ပါတယ်။

ပိုလန်ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ဘာစီလိုနာအသင်းမှာ ပျော်ရွှင်နေတယ်လို့ ပြောကြားထားပေမဲ့ အသင်းဘက်က ထိုက်တန်တဲ့ ကမ်းလှမ်းမှု ရှိလာရင် လက်ခံစဉ်းစားသွားဖို့ ရှိနေပါတယ်။

လီဝန်ဒေါစကီးဟာ အသက် (၃၆) နှစ်ကျော်လာပြီဖြစ်ပေမဲ့ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီက ဘာစီလိုနာအတွက် (၅၂) ပွဲမှာ (၄၂) ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးသွင်းမှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားလို့ သူ့ကို ခေါ်ယူဖို့ ဆော်ဒီကလပ်တွေအပြိုင် စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။

ဆော်ဒီကလပ်တွေဟာ စီရော်နယ်လ်ဒို၊ ဘန်ဇီမာတို့လို ဥရောပက အသက်အရွယ်ကြီးတဲ့ နာမည်ကျော်ကစားသမားတွေကို ခေါ်ယူထားပြီး အခုနွေမှာလည်း ချယ်လ်ဆီးအသင်းက နာမည်ကျော်ကစားသမား ဂျော်အိုဖေးလစ်ကို ခေါ်ယူထားတာပါ။

လီဝန်ဒေါစကီးရဲ့ စာချုပ်သက်တမ်းမှာ တစ်နှစ်သာ ကျန်ရှိတော့ပြီး ပြောင်းရွှေ့ကြေး နည်းပါးနိုင်တာကြောင့်လည်း ဆော်ဒီကလပ်တွေက သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာ ဖြစ်တယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group