
လီဗာပူးလ်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ဟာ အသင်းဟောင်း ဆိုစီဒက်မှာ လေ့ကျင့်မှုပြုလုပ်နေကြောင်း သိရပါတယ်။
ဆွီဒင်တိုက်စစ်မှူး အီဆက်ခ်ဟာ ၂၀၂၂ ခုနှစ်မှာ ဆိုစီဒက်ကနေ နယူးကာဆယ်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၆၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာ လီဗာပူးလ်အသင်းက ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စီစဉ်နေပါတယ်။
လီဗာပူးလ်အသင်းက ကနဦးပြောင်းရွှေ့ကြေးပေါင်သန်း(၁၂၀)+ Add-ons ကြေးပေါင်သန်း(၂၀)ဝန်းကျင်နဲ့ ခေါ်ယူနိုင်တော့မယ်လို့ သတင်းထွက်နေပြီး ပြောင်းရွှေ့ကြေးကို (၂)နှစ်အတွင်း အပြီးသတ်ပေးချေရမယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုး အပြောင်းအရွှေ့ကိစ္စတွေရှိနေတာကြောင့် နယူးကာဆယ်အသင်းက အီဆက်ခ်ကို အာရှခရီးစဉ်မှာ ခေါ်ယူသွားခြင်းမရှိခဲ့သလို၊ အသေးစားပေါင်ဒဏ်ရာ ရရှိနေတယ်လို့လည်း သိရပါတယ်။
ဒါကြောင့် အီဆက်ခ်က နယူးကာဆယ်အသင်းနဲ့ ပူးပေါင်းခြင်းမပြုဘဲ ဆိုစီဒက်အသင်းမှာ ကြံ့ခိုင်မှုအတွက် တစ်ဦးတည်းလေ့ကျင့်မှုပြုလုပ်နေခြင်းဖြစ်ကြောင်း ဆိုစီဒက်အသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ကြာသပတေးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။
နယူးကာဆယ်နည်းပြ အက်ဒီဟောင်းကတော့ လက်ရှိအချိန်အထိ အီဆက်ခ်ကို ဘယ်အသင်းကမှ တရားဝင်မကမ်းလှမ်းသေးဘူးလို့ ပြောကြားခဲ့ပါတယ်။