Eleven Media Group

ပေါ်တိုအသင်းခေါင်းဆောင်ဟောင်း ဂျော့ချ်ကော်စတာ အသက်(၅၃)နှစ်အရွယ်မှာ ကွယ်လွန်

Photo: X

ပေါ်တိုအသင်းခေါင်းဆောင်နဲ့ နောက်ခံလူဟောင်း ဂျော့ချ်ကော်စတာဟာ သြဂုတ်(၅)ရက်နေ့က အသက်(၅၃)နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ကြောင်း သိရပါတယ်။
အသင်းရဲ့ ဒါရိုက်တာတစ်ဦးအဖြစ် ဆောင်ရွက်နေတဲ့ ဂျော့ချ်ကော်စတာဟာ လေ့ကျင့်ရေးကွင်းမှာ နှလုံးရပ်ပြီး ကွယ်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။
ဂျော့ချ်ကော်စတာဟာ ပေါ်တိုအသင်းမှာ ၁၉၉၀ ကနေ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး နည်းပြ မော်ရင်ဟိုလက်ထက် ချန်ပီယံလိဂ်ဖလား ရရှိချိန်မှာ အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။
ဂျော့ချ်ကော်စတာဟာ ၂၀၀၆ ခုနှစ်မှာ ကစားသမားဘဝက အနားယူခဲ့ပြီး ၂၀၂၄ ခုနှစ်အထိ နည်းပြအဖြစ် ကလပ်အသင်းများစွာကို ကိုင်တွယ်ခဲ့ပါတယ်။
ဂျော့ချ်ကော်စတာ ကွယ်လွန်ခြင်းအတွက် ပေါ်တူဂီဘောလုံးလောကက နာမည်ကျော်ပုဂ္ဂိုလ်များစွာက ဂုဏ်ပြုအမှတ်တရ စကားတွေပြောကြားခဲ့ရာမှာ မော်ရင်ဟိုက ''သူသာ အခု ကျွန်တော့်ကို စကားပြောနိုင်ဦးမယ်ဆိုရင် သတင်းစာရှင်းလင်းပွဲလုပ်ပါ၊ မနက်ဖြန်ပွဲကို နိုင်အောင်ကစားပါ၊ ကျွန်တော့်အကြောင်း မေ့ထားပါလို့ ပြောပါလိမ့်မယ်။ ကျွန်တော်လည်း ဒီနေ့နဲ့ မနက်ဖြန်မှာ ကျွန်တော့်အလုပ်ကို ကြိုးစားလုပ်ဆောင်ပြီးမှ ငိုပါတော့မယ်'' လို့ ပြောကြားခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group