
ဆန်းဒါးလန်းအသင်းဟာ အသင်းကို တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ နည်းပြ လီဘရစ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးစာချုပ် ချုပ်ဆိုခဲ့ကြောင်း သိရပါတယ်။
ပြင်သစ်နည်းပြ လီဘရစ်ဟာ ၂၀၂၄ နွေရာသီမှာမှ ဆန်းဒါးလန်းအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး တစ်ရာသီအတွင်းမှာပဲ လိဂ်ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။
ဒါကြောင့် ဆန်းဒါးလန်းအသင်းက ပရီးမီးယားလိဂ်ရာသီသစ် မစတင်ခင်မှာပဲ လီဘရစ်ကို သက်တမ်းတိုးစာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။
လီဘရစ်က အသင်းကို ပိုမိုတောင့်တင်းလာအောင် တည်ဆောက်သွားမှာဖြစ်ကြောင်းနဲ့ တိုးတက်မှုရှိလာလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
၂၀၁၆-၁၇ ရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန်တန်းတက်လာခဲ့တဲ့ ဆန်းဒါးလန်းအသင်းဟာ နွေရာသီမှာ ကစားသမားသစ်များစွာ ခေါ်ယူအားဖြည့်ပြီး ပြင်ဆင်နေတာကိုလည်း မြင်တွေ့ရပါတယ်။