Eleven Media Group

Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်းကို သြဂုတ်(၇)မှာ ထုတ်ပြန်မယ်

Photo: Goal

၂၀၂၅ ခုနှစ် Ballon d'Or ဆုအတွက် ဆန်ခါတင်စာရင်းကို သြဂုတ်(၇)မှာ ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။
Ballon d'Or ဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းရဲ့ ဦးဆောင်မှုနဲ့ ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး ၁၉၅၆ ခုနှစ်ကတည်းက စတင်ချီးမြှင့်ခဲ့တာပါ။
ပထမဆုံးဆုရရှိသူက အင်္ဂလန်ကစားသမား စတန်လေမက်သယူးဖြစ်ပြီး နောက်ဆုံးဆုရရှိထားသူကတော့ စပိန်ကစားသမား ရိုဒရီ ဖြစ်ပါတယ်။
(၈)ကြိမ်ရရှိထားတဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီက ဆုအများဆုံးရရှိသူအဖြစ် မှတ်တမ်းဝင်နေပြီး ၂၀၂၅ ခုနှစ်အတွက် Ballon d'Or ဆုကိုတော့ ပြင်သစ်ကစားသမား ဒမ်ဘီလီ ရရှိလိိမ့်မယ်လို့ ရေပန်းစားနေပါတယ်။
ဒမ်ဘီလီက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ အသင်းနဲ့အတူ ဖလားသုံးလုံးအောင်ပွဲ ရရှိထားပြီး (၃၇)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု (၁၆)ကြိမ်ပြုလုပ်ခဲ့တာကြောင့် ရေပန်းစားနေခြင်းလည်းဖြစ်ပါတယ်။
၂၀၂၅ Ballon d'Or ဆုအတွက် ၂၀၂၄ သြဂုတ်(၁)ကနေ ၂၀၂၅ ဇူလိုင်(၃၁)အထိ ကာလအတွင်း ပြသခဲ့တဲ့ စွမ်းဆောင်ရည်အပေါ် အခြေခံပြီး ရွေးချယ်သွားမှာပါ။
ဆန်ခါတင်စာရင်းကို သြဂုတ်(၇)မှာ ထုတ်ပြန်ပြီး စက်တင်ဘာ(၂၂)မှာ ဆုပေးပွဲအခမ်းအနားကျင်းပမှာဖြစ်ကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group