
အက်စတွန်ဗီလာအသင်းဟာ နိုက်စ်အသင်းက အိုင်ဗရီကို့စ်တိုက်စစ်မှူး အီဗန်ဂက်စ်ဆန်းကို ပေါင်သန်း(၃၀)နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
ဂက်စ်ဆန်း(၂၄ နှစ်)ဟာ ပြင်သစ်လူငယ်အသင်းတွေမှာ ယှဉ်ပြိုင်ကစားခဲ့ပြီးမှ အိုင်ဗရီကို့စ်လက်ရွေးစင်အဖြစ် ၂၀၂၄ ခုနှစ်မှာ ရွေးချယ်ခံခဲ့ရတာပါ။
ဂက်စ်ဆန်းဟာ ပြီးခဲ့တဲ့ရာသီက (၁၃)ဂိုးသွင်းပြီး ခြေစွမ်းပြခဲ့တာကြောင့် နိုက်စ်အသင်းရဲ့ အကောင်းဆုံးကစားသမားအဖြစ်လည်း ရွေးချယ်ခံခဲ့ရပါတယ်။
ဂက်စ်ဆန်းကို ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမဲ့ အက်စတွန်ဗီလာအသင်းက လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပြီး ကနဦးပြောင်းရွှေ့ကြေး ပေါင်(၂၆)သန်းနဲ့ Add-ons ကြေး ပေါင်(၄.၃)သန်း ပေးချေရမယ်လို့ သိရပါတယ်။
အက်စတွန်ဗီလာအသင်းက ဂက်စ်ဆန်းကို ၂၀၃၀ အထိိ စာချုပ်ချုပ်ဆိုမှာဖြစ်ကြောင်းလည်း သိရပါတယ်။