
မြန်မာပလာဇာကားပါကင်တွင် အမျိုးသမီးတစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
သြဂုတ် ၅ ရက် ညနေ ၅ နာရီကျော်ခန့်က အဆိုပါပလာဇာရှိ မြေအောက်ထပ်ကားပါကင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ အသက် ၅၉ နှစ်အရွယ်ရှိ ဒေါ်စမ်းစမ်းအေးဖြစ်ကြောင်း သိရသည်။
ဒေါ်စမ်းစမ်းအေးကို အမျိုးသားနှစ်ဦးက ဓားဖြင့်ထိုးခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ တင်ပို့စဉ် သွေးထွက်လွန်ကာ သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်တစ်ဦးက လူမှုကွန်ရက်တွင် ရေးသားထားသည်။
ယင်းလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်သည့် အခြေအနေများကို မြန်မာပလာဇာဘက်က ထုတ်ပြန်ထားခြင်းမရှိသေးပေ။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်အခြေအနေများကို ဆက်လက်စုံစမ်းလျက်ရှိပြီး ထပ်မံသိရှိရသည်များကို ဆက်လက်ဖော်ပြသွားပါမည်။