Eleven Media Group

မက်ဂွိုင်းရားကို ခေါ်ယူဖို့ ကလပ်အသင်း(၅)သင်း ချဉ်းကပ်ခဲ့ပြီး မန်ယူအသင်း ငြင်းပယ်

Photo: X

မန်ယူအသင်းဟာ ကလပ်အသင်း(၅)သင်းက နောက်ခံလူ မက်ဂွိုင်းရားကို ခေါ်ယူဖို့ ချဉ်းကပ်မှုကို ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
မက်ဂွိုင်းရားဟာ ၂၀၁၉ နွေရာသီမှာ လက်စတာကနေ မန်ယူအသင်းကို ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့သူဖြစ်ပြီး ၂၀၁၉ ကနေ ၂၀၂၃ အထိ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရပါတယ်။
တန်ဟက်ဂ်လက်ထက်မှာ အသင်းခေါင်းဆောင်ရာထူးက ဖယ်ရှားခံခဲ့ရပေမဲ့ လက်ရှိနည်းပြ အာမိုရင်မ်လက်ထက်မှာ အသင်းရဲ့ ဦးဆောင်ကစားသမားတစ်ဦး ပြန်ဖြစ်လာခဲ့ပါတယ်။
၂၀၂၆ မှာ စာချုပ်သက်တမ်းကုန်မယ့် မက်ဂွိုင်းရား (၃၂ နှစ်)ကို မန်ယူအသင်းက သက်တမ်းမတိုးသေးတာကြောင့် ကလပ်အသင်းအချို့က ချဉ်းကပ်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ် (၃)သင်းနဲ့ စီးရီးအေကလပ် နှစ်သင်းဖြစ်ကြောင်း သိရပါတယ်။
မက်ဂွိုင်းရားကတော့ စာချုပ်သက်တမ်းတိုးပြီး ကစားသမားဘဝ အဆုံးသတ်တဲ့အထိ မန်ယူအသင်းမှာ ကစားသွားဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

မူရင်းသတင်း — Eleven Media Group