Eleven Media Group

အသင်းတည်ထောင်မှု နှစ်(၁၂၀)ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားတဲ့ အိမ်ကွင်းဂျာစီကို ချယ်လ်ဆီး မိတ်ဆက်ပြသ

Photo: Chelsea

ချယ်လ်ဆီးအသင်းဟာ အသင်းတည်ထောင်မှု နှစ်(၁၂၀)ပြည့်အထိမ်းအမှတ်အဖြစ် ထုတ်လုပ်ထားတဲ့ အိမ်ကွင်းဂျာစီကို မိတ်ဆက်ပြသခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ ၁၉၀၅ ခုနှစ် မတ်လ (၁၀)ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာကြောင့် ဒီနှစ်မှာ နှစ်(၁၂၀)ပြည့်တာပါ။
ဒါကြောင့် နှစ်(၁၂၀)ပြည့်အတွက် အထိမ်းအမှတ် ကိန်းဂဏန်းနဲ့ စာတန်းတွေပါဝင်တဲ့ အကျင်္ီသစ်ကို ဖန်တီးခဲ့တာဖြစ်ပြီး အရေအတွက် အကန့်အသတ်နဲ့သာ ထုတ်လုပ်ထားကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက ဒီအကျင်္ီကို အစိတ်အပိုင်း (၁၉၀၅)ခုနဲ့ ဖန်တီးထားခြင်းဖြစ်ပြီး တန်ဖိုးယူရို(၂၃၀)နဲ့ စတင်ရောင်းချနေပြီဖြစ်ကြောင်း သိရပါတယ်။
ချယ်လ်ဆီးအသင်းက အကျင်္ီသစ် မိတ်ဆက်ပြသရာမှာ သူတို့ဟာ ပြည်ပကစားသမား(၁၁)ဦးကို ပွဲထွက်ကစားသမားအဖြစ် ပထမဆုံးအသုံးပြုခဲ့တဲ့ အသင်းဖြစ်ကြောင်း၊ ထိပ်တန်းလိဂ်တွေထဲမှာ လူမည်းနည်းပြကို ပထမဆုံးခန့်အပ်ခဲ့တဲ့အသင်းဖြစ်ကြောင်း၊ ချန်ပီယံလိဂ်ဖလား ရယူနိုင်တဲ့ ပထမဆုံးလန်ဒန်ကလပ်အသင်းဖြစ်ကြောင်းလည်း ဖော်ညွှန်းခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group