
ဥရုဂွေးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်အတွက် အယ်လ်ဟီလာနဲ့ လီဗာပူးလ်အသင်းတို့ သဘောတူညီမှုရရှိခဲ့ပြီလို့ နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
အယ်လ်ဟီလာအသင်းက လီဗာပူးလ်အသင်းအလိုရှိနေတဲ့ ပြောင်းရွှေ့ကြေး ယူရိုသန်း(၇၀)ဝန်းကျင် ပေးချေသွားမှာဖြစ်တာကြောင့် လီဗာပူးလ်အသင်းက လက်ခံခဲ့တာဖြစ်ပြီး ဒါဝင်နူးနက်ဇ်နဲ့ ဆက်ပြီးဆွေးနွေးနေဆဲဖြစ်ကြောင်း သိရပါတယ်။
ဒါဝင်နူးနက်ဇ်ဟာ ဘင်ဖီကာကနေ လီဗာပူးလ်ကို ယူရို(၇၅)သန်း+ Add-ons ကြေး ယူရို(၂၅)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပြိုင်ပွဲစုံ(၇)ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် လီဗာပူးလ်အသင်းက ရောင်းထုတ်ဖို့ စီစဉ်နေတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အယ်လ်နာဆာအသင်းက ယူရိုသန်း(၇၀)နဲ့ပဲ ကမ်းလှမ်းခဲ့တာကိုတော့ ရာသီဝက်ကာလဖြစ်တာကြောင့် လီဗာပူးလ်အသင်းက ငြင်းပယ်ခဲ့ကြောင်း သိရပါတယ်။
လီဗာပူးလ်အသင်းဟာ ဒါဝင်နူးနက်ဇ်ကို ရောင်းထုတ်နိုင်တော့မှာဖြစ်တဲ့အတွက် နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ကို ခေါ်ယူဖို့ ထပ်ပြီးကမ်းလှမ်းဖွယ်ရှိကြောင်းလည်း ဗြိတိန်မီဒီယာတွေက သုံးသပ်နေကြပါတယ်။