Eleven Media Group

အဆန်စီယိုကို အငှားနဲ့ ထပ်မံခေါ်ယူဖို့ အက်စတွန်ဗီလာအသင်း ဆန္ဒရှိနေ

Photo: X

အက်စတွန်ဗီလာအသင်းဟာ PSG အသင်းက စပိန်တိုက်စစ်ကစားသမား အဆန်စီယိုကို အငှားနဲ့ ထပ်မံခေါ်ယူဖို့ လိုလားနေကြောင်း သိရပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ အဆန်စီယိုကို အငှားနဲ့ ခေါ်ယူခဲ့ပြီး အသင်းမှာ ခြေစွမ်းပြနိုင်တာကြောင့် ထပ်ခေါ်ဖို့ လိုလားနေတာပါ။
အဆန်စီယို(၂၉ နှစ်)ဟာ အက်စတွန်ဗီလာအသင်းမှာ (၂၁)ပွဲကစားပြီး (၈)ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
အဆန်စီယိုဟာ တူရကီကလပ် ဖီနာဘာချီအသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့ပေမဲ့ ဖီနာဘာချီအသင်းက ငွေကြေးအကြောင်းပြချက်နဲ့ ရပ်တန့်လိုက်ပြီဖြစ်တာကြောင့် အက်စတွန်ဗီလာအသင်းကို ရောက်ရှိနိုင်ခြေရှိနေကြောင်း သိရပါတယ်။
အဆန်စီယိုဟာ ဖီနာဘာချီအသင်းနဲ့ ဆွေးနွေးနေစဉ်ကာလအတွင်း တခြားအသင်းတွေရဲ့ ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ကြောင်းလည်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group