Eleven Media Group

ချယ်လ်ဆီးအသင်းမှာ ဂစ်တန်စ် ကျောနံပါတ်(၁၁) ဝတ်ဆင်မယ်

Photo: Chelsea

ချယ်လ်ဆီးအသင်းက ဒီနှစ် နွေရာသီအပြောင်းအရွှေ့ကာလမှာ ဒေါ့မွန်ကနေ ခေါ်ယူခဲ့တဲ့ အင်္ဂလန်တောင်ပံကစားသမား ဂစ်တန်စ်ကို ကျောနံပါတ်(၁၁) ပေးအပ်လိုက်ကြောင်း သိရပါတယ်။
ဒီနံပါတ်က ချယ်လ်ဆီးအသင်းရဲ့ ဂန္ထဝင်နံပါတ်ဖြစ်ပြီး ဒင်းနစ်ဝိုက်စ်နဲ့ ဒရော့ဘာတို့ ဝတ်ဆင်ခဲ့တာပါ။
ဒီနံပါတ်ကို နောက်ဆုံးဝတ်ဆင်ခဲ့သူကတော့ အာဆင်နယ်အသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ မာဒူအေကေဖြစ်ပါတယ်။
ဂစ်တန်စ်ဟာ ချယ်လ်ဆီးအသင်းရဲ့ လူငယ်ကစားသမားဟောင်းတစ်ယောက်လည်းဖြစ်ပြီး ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေတာကြောင့် ချယ်လ်ဆီးအသင်းက ကနဦးပြောင်းရွှေ့ကြေး ပေါင်(၄၈.၅)သန်းနဲ့ Add-ons ကြေး ပေါင်(၃.၅)သန်းပေးပြီး ခေါ်ယူခဲ့တာပါ။
ချယ်လ်ဆီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပွဲ ယှဉ်ပြိုင်ကစားခဲ့တာကြောင့် ရာသီကြိုကာလမှာ ခြေစမ်းပွဲနှစ်ပွဲသာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး အဲဒီပွဲတွေမှာ ချယ်လ်ဆီးအသင်းအတွက် ဂစ်တန်စ် ပွဲထွက်ခွင့်ရဖွယ်ရှိကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group