
မန်ယူအသင်းဟာ ဒိန်းမတ်တိုက်စစ်မှူး ဟွိုင်လန်းကို အပြီးသတ်ခေါ်ယူမယ့် သဘောတူညီမှုပါဝင်တဲ့ အငှားချမှု ပြုလုပ်မယ်လို့ သိရပါတယ်။
မန်ယူအသင်းဟာ ဟွိုင်လန်း(၂၂ နှစ်)ကို ၂၀၂၃ နွေရာသီမှာ Add-ons ကြေးအပါအဝင် ပေါင်(၇၄)သန်းနဲ့ ခေါ်ယူခဲ့ရပေမဲ့ လက်ရှိအချိန်မှာ ပေါင်သန်း(၄၀) ဝန်းကျင်နဲ့ ရောင်းထုတ်ဖို့ စီစဉ်နေပါတယ်။
မန်ယူနည်းပြ အာမိုရင်မ်ဟာ အသင်းမှာရှိတဲ့ တိုက်စစ်ကစားသမားတွေရဲ့ ခြေစွမ်းကို အားရကျေနပ်ခြင်းမရှိတာကြောင့် အပြောင်းအလဲလုပ်ဖို့ စီစဉ်နေပြီး ကူညာနဲ့ အမ်ဘူမိုတို့ကို ခေါ်ယူထားသလို၊ ရှက်ရှကိုလည်း ရောက်ရှိလာဖို့ နီးစပ်နေပါပြီ။
ဒါကြောင့် ဟွိုင်လန်းကို ဒီနွေမှာ အပြီးသတ်ရောင်းမထုတ်နိုင်ခဲ့ရင်တော့ အငှားချဖို့ သဘောတူလိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။
အေစီမီလန်အသင်းကလည်း ဟွိုင်လန်းကို အဲဒီလိုပုံစံနဲ့ အငှားခေါ်ယူချင်နေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်ဖို့ အလားအလာကောင်းနေကြောင်း သိရပါတယ်။