
စပါးအသင်းနည်းပြ သောမတ်စ်ဖရန့်ခ်က ACL ဒဏ်ရာကြောင့် ကာလရှည်အနားယူရမယ့် အင်္ဂလန်ကွင်းလယ်တိုက်စစ်ကစားသမား မတ်ဒီဆန်ရဲ့နေရာအတွက် ကစားသမားသစ် ခေါ်ယူဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
စပါးအသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်တဲ့ မတ်ဒီဆန်ဟာ နယူူးကာဆယ်နဲ့ ခြေစမ်းပွဲမှာ ဒူးအရွတ်စုတ်ပြဲတဲ့ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး (၆)လကနေ (၇)လအထိ အနားယူရတော့မှာပါ။
'' ကျွန်တော်တို့ စျေးကွက်မှာ သေချာပေါက်လှုပ်ရှားနေတယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကာလရှည်အနားယူရမယ့်ကစားသမား ရှိတဲ့အခါ အဲဒီအတွက် အစားထိုးဖို့ လိုအပ်တာကြောင့်ပါ။ ဘယ်ကစားသမားကို ခေါ်ယူဖို့ နီးစပ်နေပြီလဲဆိုတာကိုတော့ (၁၀၀)ရာခိုင်နှုန်း အပြီးမသတ်နိုင်ခင် ကျွန်တော် ပြောမှာမဟုတ်ပါဘူး'' လို့ သောမတ်စ်ဖရန့်ခ်က ပြောကြားခဲ့ပါတယ်။
မတ်ဒီဆန်ဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးတုန်းကလည်း ဒူးဒဏ်ရာရရှိခဲ့တာကြောင့် ယူရိုပါလိဂ်ဗိုလ်လုပွဲနဲ့ လွဲချော်ခဲ့ရပါတယ်။
စပါးအသင်းက မတ်ဒီဆန်ရဲ့နေရာအတွက် ကိုမိုအသင်းက အာဂျင်တီးနားကွင်းလယ်လူ နီကိုပက်ဇ်ကို ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။