
ကိုမိုအသင်းဟာ အေစီမီလန်အသင်းက စပိန်တိုက်စစ်မှူး မိုရာတာကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။
မိုရာတာဟာ လက်ရှိအချိန်မှာ ဂါလာတာစာရေးအသင်းထံ အငှားချခံထားရပြီး အငှားစာချုပ်သက်တမ်းကုန်ချိန်မှာ ယူရို(၁၀)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ့် သဘောတူညီချက်လည်းရှိနေပါတယ်။
ဒါကြောင့် ကိုမိုအသင်းက မိုရာတာကို ခေါ်ယူဖို့ အေစီမီလန်နဲ့ရော ဂါလာတာစာရေးအသင်းနဲ့ပါ ဆွေးနွေးညှိနှိုင်းခဲ့ရပြီး အခုနောက်ဆုံးမှာ ဂါလာတာစာရေးအသင်းကို စာချုပ်ဖျက်သိမ်းဖို့ လျော်ကြေး ယူရို(၅)သန်းပေးပြီး သဘောတူညီချက်ရယူခဲ့ရကြောင်း နာမည်ကျော်ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ဖော်ပြခဲ့ပါတယ်။
ကိုမိုအသင်းက မိုရာတာကို တစ်ရာသီအငှားနဲ့ ခေါ်ယူပြီး ရာသီကုန်ချိန်မှာ ယူရို(၁၀)သန်းနဲ့ အပြီးသတ်ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။
အသက်(၃၂)နှစ်ရှိပြီဖြစ်တဲ့ မိုရာတာဟာ ကိုမိုနည်းပြ ဖာဘရီဂတ်စ်နဲ့ စပိန်လက်ရွေးစင်အသင်းမှာ တွဲကစားခဲ့ဖူးသူပါ။