
အယ်လ်ဟီလာအသင်းက လီဗာပူးလ်အသင်းကနေ ခေါ်ယူထားတဲ့ ဥရုဂွေးလက်ရွေးစင်တိုက်စစ်မှူး ဒါဝင်နူးညက်ဇ်ကို အသင်းကစားသမားသစ်အဖြစ် မိတ်ဆက်ခဲ့ပါတယ်။
နူးနက်ဇ်ရဲ့ပြောင်းရွှေ့ကြေးကတော့ ယူရို ၅၃ သန်း(ပေါင် ၄၆.၃)သန်းအထိ ရောက်ရှိနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အယ်လ်ဟီလာအသင်းက နူးနက်ဇ်ကို သုံးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာဖြစ်တယ်။
နူးနက်ဇ်အနေနဲ့ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးလ်အသင်းအတွက် ရှစ်ပွဲသာ ပွဲထွက်ကစားခဲ့ရပါတယ်။
နူးနက်ဇ်ဟာ ၂၀၂၂ ခုနှစ် ဇွန်လမှာ လီဗာပူးလ်အသင်းကို ဘင်ဖီကာအသင်းကနေ ကနဦး ပေါင် ၆၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။
၎င်းအနေနဲ့ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၄၃ ပွဲကစားကာ ဂိုး ၄၀ သွင်းယူပေးခဲ့ပါတယ်။