
လီဗာပူးလ်တိုက်စစ်ကစားသမား ဆာလာက ပါလက်စတိုင်းဘောလုံးသမား ဆူလေမန်အယ်လ်အိုဘိုက် သေဆုံးမှုအတွက် ဥရောပဘောလုံးအဖွဲချုပ်(UEFA)ရဲ့ဝမ်းနည်းကြောင်းထုတ်ပြန်မှုအပေါ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။
ဆာလာက အိုဘိုက် သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကို မထည့်သွင်းခဲ့လို UEFA ကို ဝေဖန်ခဲ့တာဖြစ်တယ်။
ပါလက်စတိုင်းဘောလုံးလောကရဲ့ပီလီလို တင်စားခံခဲ့ရတဲ့ အိုဘိုက်(၄၁ နှစ်)ဟာ ဂါဇာကမ်းမြောင်တောင်ပိုင်းမှာ လူသားချင်စာနာမှု အကူအညီလက်ခံရယူဖို စောင့်ဆိုင်းနေချိန် အစ္စရေးရဲ့တိုက်ခိုက်မှု ခံရပြီး သေဆုံးခဲ့တာပါ။
UEFA က လူမှုကွန်ရက် X မှာ ''ဆူလေမန်အယ်လ်အိုဘိုက်၊ ပါလက်စတိုင်းပီလီကို နှုတ်ဆက်ပါတယ်။ အမှောင်မိုက်ဆုံးအခြေအနေတောင်မှ ကလေးများစွာအတွက် မျှော်လင့်ချက်ပေးခဲ့တဲ့ အရည်အချင်းရှိသူ''လို ရေးသားခဲ့ပါတယ်။
ဆာလာက အဲဒီ Post ကို ပြန်လည်မျှဝေပြီး ''သူ ဘယ်လိုသေခဲ့သလဲ၊ ဘယ်နေရာလဲ၊ ဘာကြောင့်လဲဆိုတာ ကျွန်တော်တိုကို ပြောနိုင်မလား''လို ရေးသားခဲ့ပါတယ်။
ဆာလာဟာ မကြာသေးခင်ကလည်း ဂါဇာကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးပိုတာကို ခွင့်ပြုဖို တောင်းဆိုခဲ့ပါတယ်။
အိုဘိုက်ဟာ ကစားစားသမားဘဝမှာ ပွဲ ၁၀၀ ကျော် ကစားခဲ့ပြီး ပါလက်စတိုင်းလက်ရွေးစင်အသင်းအတွက် ၂၄ ပွဲကစားကာ နှစ်ဂိုး သွင်းယူခဲ့ပါတယ်။