Eleven Media Group

■ အပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ရှာဖွေနေဆဲလို့ အာတေတာ ပြောကြား

Photo: Arsenal

အာဆင်နယ်အသင်းနည်းပြ အာတေတာက နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားသစ် ရှာဖွေနေဆဲလို့ပြောခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အခုနွေရာသီမှာ ယိုကယ်ရက်စ်၊ မာဒူအေကေ၊ ဇူဘီမန်ဒီ၊ နော်ဂေါ့၊ မော်စကေရာ၊ ကယ်ပါစတဲ့ ကစားသမားသစ်တွေ ခေါ်ယူမှုအတွက် ပေါင် သန်း ၁၉၀ ခန့် အသုံးပြုထားပါတယ်။

''နောက်လာမယ့် ရက်သတ္တပတ်အနည်းငယ်အတွင်း အသင်းလူစာရင်းမှာ ဘာတွေဖြစ်လာမလဲ ကြည့်ရအောင်ပါ။

ဒါပေမဲ့ ကျွန်တော်တို ဆက်လက်ရှာဖွေမှုတွေ ပြုလုပ်နေဆဲပါ။ အသင်းက ထွက်ခွာမယ့် ကစားသမားအနည်းငယ်လည်း ရှိနေပါတယ်''လို့ အာတေတာက ပြောခဲ့ပါတယ်။

အာတေတာဟာ လာမယ့်ရာသီမှာ ၂၀၂၀ ပြည့်နှစ်ကတည်းက အသင်းကို ပထမဆုံးမေဂျာဖလားရယူပေးနိုင်ဖို မျှော်လင့် နပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ယမန်နေ့က ဘီလ်ဘာအိုနဲ့ခြေစမ်းပွဲမှာ ၃-၀ ဂိုးနဲ့ အနိုင်ရပြီးနောက် ရာသီကြိုပြင်ဆင်မှု ပြီးဆုံးခဲ့ပါတယ်။

မူရင်းသတင်း — Eleven Media Group