Eleven Media Group

ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အဲဗာတန်နဲ့ နာပိုလီတို့ အပြိုင်ကြိုးပမ်းနေ

Photo: Getty Images

အဲဗာတန်နဲ့ နာပိုလီအသင်းတို့ဟာ မန်စီးတီးအသင်းက အင်္ဂလန်တိုက်စစ်ကစားသမား ဂရီးလစ်ရှ်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။
ဂရီးလစ်ရှ်ဟာ ၂၀၂၁ နွေရာသီမှာ အက်စတွန်ဗီလာကနေ မန်စီးတီးကို ပေါင်သန်း(၁၀၀)နဲ့ ရောက်ရှိခဲ့သူဖြစ်ပြီး ဗြိတိန်ကစားသမားတွေထဲမှာ ပြောင်းရွှေ့ကြေးအမြင့်ဆုံးအဖြစ် လက်ရှိအချိန်အထိ ရပ်တည်နေပါတယ်။
ဒါပေမဲ့ အခုနောက်ပိုင်းရာသီတွေမှာ ပွဲကစားခွင့်လျော့ကျလာခဲ့ပြီး နည်းပြ ဂွါဒီယိုလာက အသင်းမှာ နေရာပေးလိုခြင်းမရှိတော့တာကြောင့် အဲဗာတန်နဲ့ နာပိုလီအသင်းတို့က ကြိုးပမ်းလာခဲ့တာပါ။
သတင်းတချို့ကတော့ ဂရီးလစ်ရှ်(၂၉ နှစ်)ရဲ့ လစာနှုန်းထားက တစ်နှစ်ယူရို(၁၅)သန်းဝန်းကျင်ဖြစ်တာကြောင့် နာပိုလီအသင်းအတွက် များပြားတဲ့ ပမာဏဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အဲဗာတန်အသင်းဆီ ရောက်ရှိဖို့ အလားအလာများနေကြောင်း သိရပါတယ်။

မူရင်းသတင်း — Eleven Media Group